ချန်ပီယံလိဂ်ပွဲ မတိုင် မီ ရီးရဲလ်ဆိုစီဒက်နှင့်ပွဲတွင် ဟက် ထရစ် ရယူခဲ့သော ရော်နယ်ဒိုက ပီအက်စ်ဂျီကို အနိုင်ရရန် မိမိတို့ အသင်း အကောင်းဆုံးပုံစံရှိနေရ မည်ဟု ပြောကြား

Spread the love

 ချန်ပီယံလိဂ်ပွဲ မတိုင် မီ ရီးရဲလ်ဆိုစီဒက်နှင့်ပွဲတွင် ဟက် ထရစ် ရယူခဲ့သော ရော်နယ်ဒိုက ပီအက်စ်ဂျီကို အနိုင်ရရန် မိမိတို့ အသင်း အကောင်းဆုံးပုံစံရှိနေရ မည်ဟု ပြောကြားသည်။

‘‘ကျွန်တော်တို့ဟာ ကစား သမားကောင်းတွေပါရှိတဲ့  ကြီး ကျယ်တဲ့အသင်းနဲ့ ရင်ဆိုင်ရမှာ ပါ။ ဒါပေမဲ့လည်း ရီးရဲလ်ဟာ အတွေ့အကြုံ အများကြီးရှိတဲ့၊ ခိုင်မာတောင့်တင်းတဲ့ အသင်းဖြစ် တယ်ဆိုတာကို ပြသခဲ့ပါတယ်’’  ဟု ရော်နယ်ဒိုက ပြောသည်။

မိမိတို့အနေဖြင့် ချန်ပီယံ လိဂ် နောက်တစ်ဆင့်တက်ရန် ပီအက်စ်ဂျီနှင့် ကစားရမည့်နှစ်ပွဲ စလုံးကို အာရုံစူးစိုက်မှု အပြည့် ဖြင့်   ခြေစွမ်းပြကစားရမည်ဟု ရော်နယ်ဒိုက ပြောသည်။

‘‘ပီအက်စ်ဂျီကို လေးစားပါ တယ်။ ဒါပေမဲ့ ကျွန်တော်တို့က အရမ်းကို စည်းလုံးပါတယ်’’ ဟု ပေါ်တူဂီကြယ်ပွင့်က ပြောသည်။

ထိုအတောအတွင်း ပီအက်စ်ဂျီနှင့် ချန်ပီယံလိဂ်ပွဲသည် ရီးရဲလ် မက်ဒရစ်၏ ယခုရာသီကို အဖတ် ဆယ်ရမည့် အခြေအနေဖြစ်နေ သည်ဟု ရီးရဲလ်နည်းပြ ဇီဒန်းက ပြောကြားပြီး  ယင်းမှာ  မိမိတို့ တာဝန်ဖြစ်ကြောင်း ထပ်မံပြော ကြားသည်။

ရီးရဲလ်သည်   လာလီဂါ ဖလားရရှိရေး လမ်းကြောင်းပေါ်မှ သွေဖည်နေပြီး ဘုရင့်ဖလားပြိုင်ပွဲ မှလည်း ထွက်ခဲ့ရပြီဖြစ်ရာ ချန် ပီယံလိဂ်၌ အောင်မြင်ရေး ဖိအား ပိုများလာသည်။

‘‘ဒီအသင်းကို ကိုင်တွယ်ဖို့ ကျွန်တော်ဆုံးဖြတ်ခဲ့တယ်။ အခြေအနေမကောင်းတဲ့အခါ သူတို့ကို အပြစ်တင်လို့ရမလား၊ မရပါဘူး။ ဒါတွေအားလုံး ကျွန်တော့်ပေါ်မှာ တာဝန်ရှိပါတယ်’’ ဟု ဇီဒန်းက ပြောသည်။

‘‘ပီအက်စ်ဂျီဟာ အသွင်သစ် နဲ့ အသင်းပါ။ တစ်နှစ်ထက် တစ် နှစ် သူတို့ ပိုတိုးတက်လာတယ်။ ဒီရာသီမှာ သူတို့ ခြေစွမ်းပြနေတာ ကျွန်တော်မအံ့သြပါဘူး’’ ဟု ဇီ ဒန်းက ဆက်လက်ပြောပြီး မိမိတို့ အနေဖြင့် ပီအက်စ်ဂျီကို အနိုင်ကန် ရုံကလွဲ၍  အခြားမရှိဟုပြောသည်။

—Ref:Marca

Leave a Reply

Your email address will not be published. Required fields are marked *