တစ်ကမ္ဘာလုံးအတိုင်း အတာဖြင့် ဖြန့်ချိမည့် Queen အဖွဲ့ မန်နေဂျာ Jim Beach စီစဉ်သည့် အခွေတွင် ပါဝင်ရန် Big Bag အဖွဲ့ကမ်းလှမ်းခံရ

Spread the love

တစ်ကမ္ဘာလုံးအတိုင်း အတာဖြင့် ဖြန့်ချိမည့် Queen အဖွဲ့  မန်နေဂျာ  Jim Beach စီစဉ်သည့် အခွေတွင် ပါဝင်ရန် Big Bag အဖွဲ့ကမ်းလှမ်းခံရ ကြောင်း ယင်းအဖွဲ့တည်ထောင် သူ အဆိုတော် ဟန်ထူးလွင်က  ၎င်း၏ ဖေ့စ်ဘွတ်ခ် စာမျက်နှာမှ တစ်ဆင့်အသိပေးထားသည်။

‘‘Queen အဖွဲ့ရဲ့ Manager Jim Beach နဲ့ တွေ့ဆုံခြင်း။ ကျွန်တော် ဒီနေ့ညနေ ၃ နာရီ လောက်က Jim Beach နဲ့တွေ့ ဖြစ်ခဲ့ပါတယ်။ Jim Beach ဟာ ၁၉၇၀  လောက်ကတည်းက Queen ရော၊ Freddie Mercury အတွက်ရော manager လုပ်ပေး ခဲ့တာ အခု ထိပါပဲ။ အခုတွေ့ဖြစ် တာ Jim ရဲ့ project ‘NewYork City’ အတွက်ပါ။ ‘New York City’ ဆိုတဲ့ သီချင်းကို ကမ္ဘာအနှံ့က Artists တွေက တစ်နိုင်ငံတစ် ပုဒ် ဖန်တီးကြပြီး Worldwide ဖြန့်မှာပါ။ အဲဒီ Project အတွက် ကျွန်တော်တို့ BigBag ပါဝင်ဖို့ Jim ရဲ့ ကမ်းလှမ်းချက်ကိုလည်း ကျွန်တော်ဝမ်းသာ ဂုဏ်ယူစွာ လက်ခံခဲ့ပါတယ်’’ ဟု ဟန်ထူး လွင်၏ ဖေ့စ်ဘွတ်ခ်စာမျက်နှာ တွင် ဖေဖော်ဝါရီ ၁၁ ရက် ညနေက ရေးသားထားသည်။

ယင်းအခွေအတွက် လက်ရှိ အချိန်အထိ အာရှနိုင်ငံများမှ ဂျပန်နှင့် မြန်မာနှစ်နိုင်ငံ ပါဝင် ကြောင်း ဟန်ထူးလွင်ကရေးသား ထားသည်။ ထို့ပြင် Jim Beach မှတစ်ဆင့် Queen အဖွဲ့မှ lead guitarist Brian May ထံသို့ Big Bag အဖွဲ့   အခွေများကို လက်ဆောင် ထည့်ပေးခဲ့ကြောင်း ၎င်းကရေးသားထားသည်။

‘‘Brian ကို ဆက်ဆက် ပေးပေးပါမယ် ပြောပါတယ်။ CD ထဲမှာ Dear Sir Brian May, We’ve never met yet you taught me everything လို့ ကျွန် တော့်  လက်ရေးနဲ့ရေးပေးခွင့်ရ လိုက်တယ်။ Artist တစ်ဦး ဖြစ်ရ  တာရော၊ BigBag ဖြစ်ရတာရော ဒီနေ့မှာ ဂုဏ်အယူဆုံးပါပဲ’’ဟု ဟန်ထူးလွင်က ၎င်း၏ ခံစားချက် ကို ရေးသားထားသည်။

အဆိုပါ ကိစ္စအပေါ် Big Bag  အဖွဲ့၏ ပရိသတ်များ အပါအဝင်  အနုပညာ မောင်နှမများက Big Bag အဖွဲ့အတွက်ဂုဏ်ယူ ကြောင်း မှတ်ချက်များ ရေးသား ပေးထားသည်။

CategoriesUncategorized

Leave a Reply

Your email address will not be published. Required fields are marked *