တစ်ကမ္ဘာလုံးအတိုင်း အတာဖြင့် ဖြန့်ချိမည့် Queen အဖွဲ့ မန်နေဂျာ Jim Beach စီစဉ်သည့် အခွေတွင် ပါဝင်ရန် Big Bag အဖွဲ့ကမ်းလှမ်းခံရ

တစ်ကမ္ဘာလုံးအတိုင်း အတာဖြင့် ဖြန့်ချိမည့် Queen အဖွဲ့  မန်နေဂျာ  Jim Beach စီစဉ်သည့် အခွေတွင် ပါဝင်ရန် Big Bag အဖွဲ့ကမ်းလှမ်းခံရ ကြောင်း ယင်းအဖွဲ့တည်ထောင် သူ အဆိုတော် ဟန်ထူးလွင်က  ၎င်း၏ ဖေ့စ်ဘွတ်ခ် စာမျက်နှာမှ တစ်ဆင့်အသိပေးထားသည်။

‘‘Queen အဖွဲ့ရဲ့ Manager Jim Beach နဲ့ တွေ့ဆုံခြင်း။ ကျွန်တော် ဒီနေ့ညနေ ၃ နာရီ လောက်က Jim Beach နဲ့တွေ့ ဖြစ်ခဲ့ပါတယ်။ Jim Beach ဟာ ၁၉၇၀  လောက်ကတည်းက Queen ရော၊ Freddie Mercury အတွက်ရော manager လုပ်ပေး ခဲ့တာ အခု ထိပါပဲ။ အခုတွေ့ဖြစ် တာ Jim ရဲ့ project ‘NewYork City’ အတွက်ပါ။ ‘New York City’ ဆိုတဲ့ သီချင်းကို ကမ္ဘာအနှံ့က Artists တွေက တစ်နိုင်ငံတစ် ပုဒ် ဖန်တီးကြပြီး Worldwide ဖြန့်မှာပါ။ အဲဒီ Project အတွက် ကျွန်တော်တို့ BigBag ပါဝင်ဖို့ Jim ရဲ့ ကမ်းလှမ်းချက်ကိုလည်း ကျွန်တော်ဝမ်းသာ ဂုဏ်ယူစွာ လက်ခံခဲ့ပါတယ်’’ ဟု ဟန်ထူး လွင်၏ ဖေ့စ်ဘွတ်ခ်စာမျက်နှာ တွင် ဖေဖော်ဝါရီ ၁၁ ရက် ညနေက ရေးသားထားသည်။

ယင်းအခွေအတွက် လက်ရှိ အချိန်အထိ အာရှနိုင်ငံများမှ ဂျပန်နှင့် မြန်မာနှစ်နိုင်ငံ ပါဝင် ကြောင်း ဟန်ထူးလွင်ကရေးသား ထားသည်။ ထို့ပြင် Jim Beach မှတစ်ဆင့် Queen အဖွဲ့မှ lead guitarist Brian May ထံသို့ Big Bag အဖွဲ့   အခွေများကို လက်ဆောင် ထည့်ပေးခဲ့ကြောင်း ၎င်းကရေးသားထားသည်။

‘‘Brian ကို ဆက်ဆက် ပေးပေးပါမယ် ပြောပါတယ်။ CD ထဲမှာ Dear Sir Brian May, We’ve never met yet you taught me everything လို့ ကျွန် တော့်  လက်ရေးနဲ့ရေးပေးခွင့်ရ လိုက်တယ်။ Artist တစ်ဦး ဖြစ်ရ  တာရော၊ BigBag ဖြစ်ရတာရော ဒီနေ့မှာ ဂုဏ်အယူဆုံးပါပဲ’’ဟု ဟန်ထူးလွင်က ၎င်း၏ ခံစားချက် ကို ရေးသားထားသည်။

အဆိုပါ ကိစ္စအပေါ် Big Bag  အဖွဲ့၏ ပရိသတ်များ အပါအဝင်  အနုပညာ မောင်နှမများက Big Bag အဖွဲ့အတွက်ဂုဏ်ယူ ကြောင်း မှတ်ချက်များ ရေးသား ပေးထားသည်။

အစားအသောက် အပြောင်းအလဲလုပ်၍ ဆီးချိုရောဂါကို ထိန်းချုပ်နိုင်

ဗြိတိန်နိုင်ငံတွင် လူ ၄ ဒသမ ၅ သန်းခန့် ဆီးချိုရောဂါဖြင့် လက်ရှိနေရပြီး ထပ်မံ၍ တစ်နှစ်လျှင် ဆီးချိုရောဂါဖြစ်ပွားသူ ၇၀၀ ခန့်ရှိကြောင်း စစ်ဆေးတွေ့ရှိနေသည်။

သို့သော် ဆီးချိုရောဂါဖြစ်ပွားမှုတွင် အစားအစာပြောင်းလဲပြီး ရောဂါကို သက်သာစေနိုင် (သို့မဟုတ်) ပျောက်ကင်းစေနိုင် ကြောင်း လေ့လာမှုတစ်ရပ်က ဖော်ပြသည်။

သရက်ရွက်က အင်ဆူလင်ထုတ်လုပ်မှု ရပ်သွားသည့် အခြေ အနေကို အမျိုးအစား-၁ ဆီးချိုဟုခေါ်ပြီး ခန္ဓာကိုယ်က အင်ဆူလင် သက်ရောက်မှုများကို စတင်ခုခံသော အခြေအနေကို အမျိုး အစား-၂ ဆီးချိုဟုခေါ်သည်။

ကြွက်သားနှင့် အသည်းဆဲလ်များတစ်ဝိုက် အဆီများ စုဝေး လာခြင်းကြောင့် ဆီးချိုဖြစ်ပွားပြီး ဆီးချိုရောဂါဖြစ်ပွားသူ  ၉၀ ရာ ခိုင်နှုန်းသည် အလွန်ဖြစ်နေကြောင်း သိရသည်။

ဆီးချိုရောဂါနှစ်မျိုးလုံးကို ဆေးဝါးများဖြင့် ထိန်းချုပ်နိုင်သော် လည်း အသက်တိုစေသော ရောဂါတစ်ခုအဖြစ် မှတ်ယူထားဆဲဖြစ်သည်။

ဆီးချိုရောဂါ ပြင်းထန်ပါက မျက်စိကွယ်ခြင်း၊ ကျောက်ကပ် ပျက်ခြင်း၊ နှလုံးရောဂါနှင့် လေဖြတ်ခြင်းတို့ ဖြစ်နိုင်သည်။

ဆီးချိုရောဂါသည်များ အသက်တိုနိုင်သော်လည်း အပင်ကို အခြေခံသည့် အစားအစာများက အမျိုးအစား-၂ ဆီးချိုရောဂါကို သက်သာစေနိုင်ကြောင်း လေ့လာမှုများက ဖော်ပြသည်။

အစားအစာပြောင်းလဲခြင်းဖြင့် အင်ဆူလင်ဆေးထိုးရမှု အကြိမ်ရေ လျော့နည်းကာ ရောဂါသက်သာစေနိုင်ကြောင်း လေ့လာ မှုတစ်ရပ်က ဖော်ပြသည်။

အပင်ကို အခြေခံသော အစားအစာများ ပိုစားပါက ကျန်းမာရေးနှင့်ညီသော ကိုယ်အလေးချိန်ကို ပိုမိုထိန်းထားနိုင်မည်ဖြစ် သည်။

အပင်ထွက်စားစရာများသည် သဘာဝအလျောက် အာဟာရဓာတ် ပြည့်ဝပြီး ကယ်လိုရီနည်းသဖြင့် ပိုစားပေးသင့်သည်။

သီတင်းတစ်ပတ်လျှင် သစ်သီးများနှင့် ဟင်းသီးဟင်းရွက် နှစ် ကြိမ်ခန့် စားပေးရုံဖြင့် အမျိုးအစား-၂ ဆီးချိုရောဂါ ဖြစ်နိုင်သည့် အန္တရာယ်ကို ၈ ရာခိုင်နှုန်းအထိ လျော့ကျစေနိုင်သည်။

ပဲအမျိုးမျိုး စားပေးခြင်းဖြင့် လိုအပ်သော အာဟာရဓာတ်များ ရရှိစေနိုင်ပြီး ဟင်းသီးဟင်းရွက်နှင့် သစ်သီးများ ပုံမှန်စားပေးသင့် ကြောင်း သုတေသီများကပြောသည်။

တောင်ကိုရီးယားသို့ ရောက် ရှိလာသော မြောက်ကိုရီး ယားအနုပညာအဖွဲ့၏ ဂီတပွဲတွင် Girls’ Generation အဖွဲ့ဝင် ဆိုယွန်လည်း ပါဝင်ဖျော်ဖြေ

 တောင်ကိုရီးယားသို့ ရောက် ရှိလာသော မြောက်ကိုရီး ယားအနုပညာအဖွဲ့၏ ဂီတပွဲတွင် Girls’ Generation အဖွဲ့ဝင် ဆိုယွန်လည်း  ပါဝင်ဖျော်ဖြေခဲ့ သည်။

တောင်ကိုရီးယားတွင် ကျင်း ပနေသော ပြုံခြမ်းဆောင်းရာသီ အိုလံပစ်ပြိုင်ပွဲသို့ မြောက်ကိုရီး ယားက အားကစားသမားများအ ပြင် ဂီတအနုပညာရှင် အဖွဲ့ကိုပါ စေလွှတ်ခဲ့သည်။

အဆိုပါ မြောက်ကိုရီးယား အနုပညာ ဝိုင်းတော်သားများ သည် ၂၀၁၈ အိုလံပစ်ပွဲတော်ကို ကြိုဆိုခြင်းအားဖြင့် တနင်္ဂနွေနေ့၌ ဆိုးလ်မြို့အမျိုးသားပြဇာတ်ရုံ တွင် အထူးဂီတပွဲတော် ကျင်းပရာ ထိုပွဲတွင် အသက် (၂၆) နှစ်အ ရွယ် ဆိုယွန်က ပူးပေါင်းဖျော်ဖြေ ခဲ့သည်။

ထိုဖျော်ဖြေပွဲတွင် မြောက် ကိုရီးယားအဖွဲ့နှင့်အတူ ဆိုယွန် သည် တောင်နှင့်မြောက်နှစ်နိုင်ငံ အကြား ငြိမ်းချမ်းရေးနှင့် ပြန် လည် ပေါင်းစည်းရေးအတွက် ရည်ရွယ်ကာ သီချင်းများ သီဆိုခဲ့ ကြောင်း သိရသည်။    allkopop

ချန်ပီယံလိဂ်ပွဲ မတိုင် မီ ရီးရဲလ်ဆိုစီဒက်နှင့်ပွဲတွင် ဟက် ထရစ် ရယူခဲ့သော ရော်နယ်ဒိုက ပီအက်စ်ဂျီကို အနိုင်ရရန် မိမိတို့ အသင်း အကောင်းဆုံးပုံစံရှိနေရ မည်ဟု ပြောကြား

 ချန်ပီယံလိဂ်ပွဲ မတိုင် မီ ရီးရဲလ်ဆိုစီဒက်နှင့်ပွဲတွင် ဟက် ထရစ် ရယူခဲ့သော ရော်နယ်ဒိုက ပီအက်စ်ဂျီကို အနိုင်ရရန် မိမိတို့ အသင်း အကောင်းဆုံးပုံစံရှိနေရ မည်ဟု ပြောကြားသည်။

‘‘ကျွန်တော်တို့ဟာ ကစား သမားကောင်းတွေပါရှိတဲ့  ကြီး ကျယ်တဲ့အသင်းနဲ့ ရင်ဆိုင်ရမှာ ပါ။ ဒါပေမဲ့လည်း ရီးရဲလ်ဟာ အတွေ့အကြုံ အများကြီးရှိတဲ့၊ ခိုင်မာတောင့်တင်းတဲ့ အသင်းဖြစ် တယ်ဆိုတာကို ပြသခဲ့ပါတယ်’’  ဟု ရော်နယ်ဒိုက ပြောသည်။

မိမိတို့အနေဖြင့် ချန်ပီယံ လိဂ် နောက်တစ်ဆင့်တက်ရန် ပီအက်စ်ဂျီနှင့် ကစားရမည့်နှစ်ပွဲ စလုံးကို အာရုံစူးစိုက်မှု အပြည့် ဖြင့်   ခြေစွမ်းပြကစားရမည်ဟု ရော်နယ်ဒိုက ပြောသည်။

‘‘ပီအက်စ်ဂျီကို လေးစားပါ တယ်။ ဒါပေမဲ့ ကျွန်တော်တို့က အရမ်းကို စည်းလုံးပါတယ်’’ ဟု ပေါ်တူဂီကြယ်ပွင့်က ပြောသည်။

ထိုအတောအတွင်း ပီအက်စ်ဂျီနှင့် ချန်ပီယံလိဂ်ပွဲသည် ရီးရဲလ် မက်ဒရစ်၏ ယခုရာသီကို အဖတ် ဆယ်ရမည့် အခြေအနေဖြစ်နေ သည်ဟု ရီးရဲလ်နည်းပြ ဇီဒန်းက ပြောကြားပြီး  ယင်းမှာ  မိမိတို့ တာဝန်ဖြစ်ကြောင်း ထပ်မံပြော ကြားသည်။

ရီးရဲလ်သည်   လာလီဂါ ဖလားရရှိရေး လမ်းကြောင်းပေါ်မှ သွေဖည်နေပြီး ဘုရင့်ဖလားပြိုင်ပွဲ မှလည်း ထွက်ခဲ့ရပြီဖြစ်ရာ ချန် ပီယံလိဂ်၌ အောင်မြင်ရေး ဖိအား ပိုများလာသည်။

‘‘ဒီအသင်းကို ကိုင်တွယ်ဖို့ ကျွန်တော်ဆုံးဖြတ်ခဲ့တယ်။ အခြေအနေမကောင်းတဲ့အခါ သူတို့ကို အပြစ်တင်လို့ရမလား၊ မရပါဘူး။ ဒါတွေအားလုံး ကျွန်တော့်ပေါ်မှာ တာဝန်ရှိပါတယ်’’ ဟု ဇီဒန်းက ပြောသည်။

‘‘ပီအက်စ်ဂျီဟာ အသွင်သစ် နဲ့ အသင်းပါ။ တစ်နှစ်ထက် တစ် နှစ် သူတို့ ပိုတိုးတက်လာတယ်။ ဒီရာသီမှာ သူတို့ ခြေစွမ်းပြနေတာ ကျွန်တော်မအံ့သြပါဘူး’’ ဟု ဇီ ဒန်းက ဆက်လက်ပြောပြီး မိမိတို့ အနေဖြင့် ပီအက်စ်ဂျီကို အနိုင်ကန် ရုံကလွဲ၍  အခြားမရှိဟုပြောသည်။

—Ref:Marca